Terms and conditions for M-Pitesan inApp lucky box program
(၁) ဤ Lucky Box အစီအစဉ် ကို Ooredoo Super App ဗားရှင်း 10.0 နှင့် အထက်အသုံးပြုနေသော M-pitesan သုံးစွဲသူများအတွက်သာအသုံးပြုနိုင်မည်ဖြစ်သည်။
(၂) ဤ Lucky Box အစီအစဉ်တွင်ပါဝင်ပြီးဆုလက်ဆောင်များရယူရန်အတွက် M-pitesan အကောင့်သည် အဆင့်(၃) (Level – 3)ဖြစ်ရပါမည်။
(၃) ဤအစီအစဉ်အတွက် သတ်မှတ်ထားသောလုပ်ငန်းစဥ် ပြုလုပ်တိုင်းသုံးစွဲသူများအတွက် Lucky Box အစီအစဉ်ကိုရယူနိုင်မည်ဖြစ်သည်။
(၄) သုံးစွဲသူများအတွက် ငွေကျပ် (၁၀၀)မှ (၃၀၀၀) အထိ လက်ငင်းငွေသား ရနိုင်မည့်အခွင့်အရေးရှိပါသည်။
(၅) သုံးစွဲသူများအနေဖြင့် Lucky Box ကိုလက်ခံရရှိသည့်တပြိုင်နက်ချက်ချင်းအသုံးပြုရန် (သို့မဟုတ်) နောင်ကာလတွင်အသုံးပြုရန်အတွက် အက်ပ် (App) တွင်သိမ်းဆည်းနိုင်ကြောင်းရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။ သို့သော် အက်ပ် (App)တွင် (၇)ရက်သာ သိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး (၇) ပြီးနောက် အလိုအလျောက် သက်တမ်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။
(၆) ဤ အစီအစဉ်တွင်ပါဝင်နိုင်ရန်အတွက် M-Pitesan Level – 3 အသုံးပြုသူများသည်:-
- M-Pitesan ၏ပင်မစာမျက်တွင်ရှိသော Lucky Boxကို ရွေးချယ်ရန်လိုအပ်ပါသည်။
- Lucky Box အစီအစဉ် အတွက် သီးသန့်ပြုလုပ်ထားသော လုပ်ငန်းစဉ်ကို ရွေးချယ်ဝယ်ယူရန် လိုအပ် ပါသည်။
- ရွေးချယ်ဝယ်ယူထားပြီးသူသုံးစွဲသူများအနေဖြင့် Lucky Boxကို ဖွင့်နိုင်ပြီဖြစ်ကြောင်း အသိပေးသည့် pop – up message ကိုလက်ခံရရှိမည်ဖြစ်ပါသည်။
- ဆုများကိုအသုံးပြုရန်အတွက် “ယခုဖွင့်ပါ (open now)” (သို့မဟုတ်) “ပိတ်မည် (X button)” ကိုရွေးချယ်နိုင်သလို နောက်မှအသုံးချရန် ရည်ရွယ်၍ “သိမ်းဆည်းမည် (Save)” ကိုလည်း ရွေးချယ် နိုင်ပါ သည်။
- အကယ်၍သုံးစွဲသူအနေဖြင့် “ယခုဖွင့်ပါ (open now)” ကိုရွေးချယ်ပါက Lucky Box ကိုဖွင့်ရန် pop – up message ပေါ်လာမည်ဖြစ်ပြီး လက်ငင်းငွေသား ရရှိကြောင်း အကြောင်းကြားခြင်း ကို တွေ့မြင်ရမည်ဖြစ်သည်။
- “ပိတ်မည် (X button)” ကိုရွေးချယ်သောသုံးစွဲသူများသည် Lucky Box ရှိ လက်ကျန် အခွင့်အရေးများ ကို ကြည့်ရှုနိုင်ပြီး ၄င်းတို့၏ ဆုလက်ဆောင်များ ကို (၇) ရက်အတွင်း ထုတ်ယူရန် ရွေးချယ်ခွင့် ရှိသည်။
(၇) အသုံးပြုသူများအနေဖြင့် Lucky Box စာမျက်နှာတွင် ဖော်ပြထားသည့် အခွင့်အရေးများကို ခံစားနိုင်ရန် အလို့ငှာ သတ်မှတ်ထားသော လုပ်ငန်းစဉ်များပြုလုပ်ခြင်းဖြင့် အထက်တွင် ဖော်ပြထားသည့် အခွင့်အရေးများကို ခံစားနိုင်ခွင့် အခွင့်အရေးရှိသည်။
(၈) စည်းကမ်းချက်များကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲ OML မှပြောင်းလဲနိုင်ခွင့်ရှိသည်။